မဆုံတွေကြတာကြာပီ......
နေရာဝေးဝေး.......ဒေသဝေးဝေးမှာ...
ဘာလုပ်နေလဲ...ဘာဖြစ်နေလဲ..........
မမေးသင့် တော့  ပါဘူး.........
မင်းလုပ်သင့် တာကိုလုပ်နေပြီး.....
ဖြစ်သင့် တာကိုဖြစ်အောင်လုပ်နေကြရတာဘဲမလား.......။
ပြန်လည်ဆုံတွေကြရင်လည်း............
မင်းမျက်လုံးလေးတွေ.............အဝေးကိုပြန်သန်းပေးပါ
ငါလည်း..မင်းကိုမြင်နေပေမဲ့ လည်း....
ပေတရာလမ်းကိုဘဲ.....ခြေလှမ်းတွေနဲ့ အမှတ်စဉ်.ရေတွက်နေမှာပါ...
ငါ့ နှလုံးတွေဖြူစင်နေပါသေးတယ်နုပျိုနေပါသေးတယ်......
ငါစိတ်ဓာတ်တွေ....ခိုင်မာနေသေးပါတယ်....ရင်ကျက်နေပါသေးတယ်....။
ဒါပေမဲ့ ........
မင်းမေးခဲ့ တဲ့ (အချစ်ဆိုတာဘာလဲ)ဆိုတဲ့ စကားကိုငါခုထိအဖြေရှာလို့ မရသေးဘူး
အိုင်စတိုင်းကိုမေးကြည့် ချင်တယ်
မဟောသဓာကိုမေးကြည့် ချင်တယ်
နောက်...ငါ့ တို့ အညာက...ပခန်းသားကိုလဲမေးချင်တယ်။
သူတို့ ကရောသိကြလား....သိကြတဲ့ လူတွေကရော
ရိုမီယိုနဲ့ ဂျုးလိယက်လား
အာဒဏ်နဲ့ ဧ၀လား
သူတို့ ကအစပြုပြီး...
သူတို့ ကအဆုံးသတ်ပေးမှာလား.............။
ထားပါတော့ ......
ငါ့ အတွက်အဖြေကရော...ဒသဂီရိရဲ့ လမ်းစဉ်လား.....
မသိသေးပါဘူး....မသိချင်သေးပါဘူး
မင်း.......ဘယ်လမ်းသွားသွား.....ဘယ်လမ်းပျံပျံ.....
အမြင့် ဆုံးကိုပျံသန်းပါ...အဆုံးထိအောင်ပြန်သန်းပါ....
မင်းရှာလို့ ဖွေလို့ ...စုလို့ ဆောင်းလို့ပညာစုံလို့ ..ပြီးရင်
ငါ့ ရဲ့ .....အေးချမ်းတဲ့ အရိပ်တွေစုနေတဲ့ 
နှလုံးသားကိုင်းလေးကို....ခတ္တခဏလေးနားခိုပေးပါ...
မင်းအမောပြေပြီလို့ ယူဆလို့ ရရင်...ဆက်လက်ပျံသန်းသွားပါ....။
နောက်ကြုံတဲ့ အခါ....တိုက်ဆိုင်တဲ့ အခါ...
မထင်မှတ်ဘဲတွေ့ ကြတဲ့ အခါ.....
မင်းခတ္တခဏနားခိုဘူးတဲ့ ...ငါ့နှလုံးသားကိုင်းလေးကို
မျက်ကွယ်....ပြုလိုက်ပါ...မသိသလိုနေပေးပါ....
ငါ့ နှလုံးသားတွေဖြူစင်နေပေမဲ့ .....
လေဒဏ်.....
မီုးဒဏ်
နေဒဏ်..တွေကြောင့်ခက်ယဲ့ ယဲ့ လေးကျန်တော့ တာပါ.......။
ရဝေမီုး(မ.ခ)

No comments:
Post a Comment