တောင်စွယ်မှာနေညိုရင်...မင်းကိုလွမ်းတယ်.....
နေလုံးကြီးက..ကမ္ဘာမြေကို.....အနက်ရောင်ဆိုးသွား...
လွမ်းချင်း...ကာရံ...တစ်ပုဒ်လောက်ရွတ်ဆိုပြစမ်းပါ....
ကဲ....သူငယ်ချင်းတွေပျော်နေကြတယ်...
ငါက....ခါးသတ်သတ်ကိုငုံပြီး......တနေရာကို....လွမ်းခြင်းတပုဒ်ရွတ်ဆို..။
ဟာ!
ခရီး....တဲ့ ..ဘယ်ခရီးလဲ...ပျားရည်စမ်းလား....ထန်းညှက်ရည်စမ်းလား..
ငါ့ တော့ ဘီယာ....ကိုစမ်းနေတယ်
ခေါ်တဲ့ သူခေါ်မယ်...သွားတဲ့ လူကသွားမယ်...
ငါရော.....ပေတေတေပေလိမ်လိမ်နဲ့ .....
မျှော်လင့် ချက်မဲ့ စွာ......နဲ့ ..သွားနေမိတယ်....။
ဟာ!
အချစ်တဲ့ ....
အော်....တွေ့ တဲ့ လူကတွေ့ တယ်...မတွေ့ တဲ့ သူကမတွေ့ ဘူး
ရှောင်တဲံ လူကရှောင်တယ်...မရှောင်တဲ့ လူကမရှောင်ဘူး
ဟာ!
တွေ့ ပြီ....အရွယ်မှာမလွန်ခင်မှာတွေ့ ကြတဲ့ အချစ်...သူငယ်ချင်းတစ်ယောက်က....နှစ်ချို့ ဝိုင်...တဲ့ 
မင်းလဲနှစ်ချို့ ....ငါလဲနှစ်ချို့ ...
နှစ်ချို့ ..
သောက်သုံးဘူးလား.....
အကာအရံတွေဟောင်းနွမ်းနေမယ်
အမြင်တွေကဒိတ်အောက်နေမယ်
အလှအပမရှိ....ဂုဏ်မရှိ....
ဟိုးအဝေးက.....လူမမြင်သူမမြင်နေတဲ့ နှစ်ချို့ ....
ကဲကောင်မလေးမင်းနဲနဲလောက်...မြည်းကြည့်စမ်းပါ
မင်းနူတ်ခမ်းလေး...နှစ်ချို့ ဝိုင်လေး...တစက်...
ခိုနားသွားတာနဲ့ ....မင်းနှလုံးသားတွေ...အေးဆေးဖြစ်သွားမယ်
ကောင်မလေး.......
နှစ်ချို့ ဝိုင်ထဲမှာ..ဖြူစင်ခြင်းတွေပါမယ်...ကြင်နာခြင်းတွေပါမယ်
ယုယခြင်းတွေပါမယ်...မြတ်နိုးခြင်းတွေ....ချစ်ခြင်း.....တွေ......!!!..။
ဟာ!
ကောင်မလေး...မင်းမသောက်သုံးချင်တော့ ဘူးဆိုရင်...
နှစ်ချို့ ဝိုင်တွေကို...ခြေတော်ဆေးလိုက်ပါ..
မင်းအသုံးတော်ခံလိုက်တဲ့ ....၀ိုင်တွေက...
အနှစ်နှစ်လလ...စုဆောင်ထားတဲ့ ....နှလုံးသားဝတ်ရည်တွေပါ.....။
ရဝေမိုး
No comments:
Post a Comment