သတ်....ပုံ

နှလုံးသားကသတ်ပုံမှားကြောင်း..
မင်းပြောတယ်.....
ငါသတ်ပုံမှန်ပါတယ်...
မင်းကို..ဝေးရမှာကြောက်တာလွှဲရင်
ငါသတ်ပုံမှန်ခဲ့ တယ်...
ချစ်သူ.....
သစ်ရွက်ခပ်စိမ်းစိမ်းတွေ..ငါကို
မပေးပါနဲ့ ....
ချစ်သူ....
စကားလှလှလေးတွေ...မပြောဘဲ
မနေပါနဲ့ ...
ချစ်သူ.....
ငါ့ ကိုကြောက်လို့ ...
ပုန်းလျှိုးကွယ်လျှိုးမနေပါနဲ့ .....
ငါ..က...ဘင်လာဒင်လဲမဟုတ်..
ဆာဒမ်ဟူစိန်ရဲ့ သားလဲမဟုတ်...
ကဒါဖီရဲ့ မျိုးဆက်လဲမဟုတ်.....
တောခေါင်ခေါင်....နေပူအလည်မှာ..
ရပ်နေတဲ့ ...မောင်မင်းကြီးသားပါ...။
ခပ်ခါးခါးအိမ်မက်တွေမပေးပါနဲ့ ချစ်သူ...
အချစ်ချိုချိုပေးခဲ့ ပါ......ထားခဲ့ ပါ...
ဒေသတွေကွာဝေးပေမဲ့ ...
ငါ့ ရဲ့ အရိပ်ကမင်းရဲ့ အရိပ်နဲ့ ခိုးလိုက်နေတယ်။
အဲဒါသိလား..မသိလဲ..သိသလိုနေလိုက်ပါ..........။


                                                                                        ရဝေမိုး(မ.ခ)

No comments:

Post a Comment