သူ့ အလှ..မလှသလိုလိုလှသလိုလိုနဲ့ ...ကြည့် စမ်း...ကြာ လေလှလေဘဲ..
သူ့ ..ပွင့် ဖတ်..ကြွေသယောင်ယောင်မကြွေသယောင်ယာင်နဲ့ ...ကြည့် စမ်း...သူအလှမကြွေဘူး....
အဆိပ်ဆူး..သူမှာပါသလိုလိုမပါသလိုလိုနဲ့ ...သူမှာ..တခြားနှင်းဆီလိုမပါဘူး....
သူမှာ..မာနရှိတယ်...ဘယ်တော့မှမြေမခဘူးဆိုတဲ့ ....အနက်ရောင်ဆန်သောနှင်းဆီပွင့် .........။
ရဝေမိုး(မ.ခ)
စက်တင်ဘာမိုး...........
ပူလောင်ခြောက်သွေ့ နေတဲ့ သစ်တောအုပ်ကနေဂျိုးထီးတစ်ကောင်
ကားလမ်းမပေါ်မှာပထမကမ္ဘာစစ်ချက်ပလ
အဲတာနဲ့ မြို့ကိုဝင်တိုက်ခဲ့ 
စက်တင်ဘာမိုးတွေကအထီးကျန်ခြင်းက
လျှောက်လှမ်းခဲ့ တဲ့ ခြေရာပေါင်းများစွာကို
စက်တင်ဘာမိုးတွေကတိုက်စားပြစ်ခဲ
ကယ်သူမဲ့ နေတဲ့ ကတ္တရာလမ်းတွေရေတွေနှစ်မြှပ်
အဝတ်တစ်ထည်ကိုယ်တခုနဲ့ ချမ်းချမ်းတုန်
နေတဲ့ နှလုံးသားကိုချစ်သူအသံကြောင့် နွေးထွေးခဲ့ ရတယ်။
ရေနစ်နေတဲ့ လမ်းပေါ်ကိုလျှောက်လှမ်းရင်း
ဗိုက်ဆာဆာနဲ့ ချစ်သူမကြွေးတဲ့ ထမင်းဆိုင်ဝင်
ကိုယ်ပုဂံကိုယ်ဆွဲ ဟင်းထဲ့ မဲ့လူစောင့် 
ဟိုပုံဒီပုံနဲ့ အလုအရက်နေရာဝင်ယူ
နဲနဲပြုံးမိလိုက်တယ်ပိုက်ဆံပေးပြီးစား ရသေး
နိုင်ငံခြားကားထဲကထောင်သားတြွေေ ကွးတဲ့ စတိုင်ကို ငါ ပိုက်ဆံပေးပြီးစားခဲ့ရတယ်လို့ ...
သူအရပ်နဲ့ သူဇာတ်ပေါ့ ...............။
ရေနစ်နေတဲ့ လမ်းပေါ်ကိုလျှောက်လှမ်းရင်း
ဗိုက်ဆာဆာနဲ့ ချစ်သူမကြွေးတဲ့ ထမင်းဆိုင်ဝင်
ကိုယ်ပုဂံကိုယ်ဆွဲ ဟင်းထဲ့ မဲ့လူစောင့် 
ဟိုပုံဒီပုံနဲ့ အလုအရက်နေရာဝင်ယူ
နဲနဲပြုံးမိလိုက်တယ်ပိုက်ဆံပေးပြီးစား
နိုင်ငံခြားကားထဲကထောင်သားတြွေေ
သူအရပ်နဲ့ သူဇာတ်ပေါ့ ...............။
ရဝေမိုး(မ.ခ)
ကဗျာရောင်းရန်ရှိသည်....
ပုံသေကားချက်အတိုင်း...
မင်္ဂလာပါ..
စားပြီးပြီလားခင်ဗျ...
လမ်းမှာတွေ့ သူ တိုင်း....မျက်နှာအကြောတွေအသားကုန်လျှော့ 
ရိုရိုသေသေလေးလေးစားစား....
ကဗျာတစ်အုပ်ကိုလက်မှာပိုက်လို့ .....
နှလုံးသားထဲကထွက်ပေါ်လာတဲ့ ကဗျာ..
တစ်အုပ်ဝယ်ရင်..ကဗျာတစ်ပုဒ်လက်ဆောင်ပေးမယ်...
ကိုယ်အတွေး..နဲ့ ကိုယ်ပေါ့ ...
ကဗျာတိုက်ပေါင်းများစွာကိုလျှောက်ခဲ့ ။
ကောင်လေး.....သွားပါအုံး
ညီလေး.........ကဗျာတွေရှိသေးတယ်ကွ
ဟေ့ ကောင်......မင်းမလာခဲ့ နဲ့ ကွာ..
ဘော်ဒါ.....မင်းကဗျာတွေကအောက်သိုးသိုးဖြစ်နေပြီ
အာ...ဒါ၂၀ရာစုကကျန်ခဲ့ တဲ့ ..စာသားတွေ...မရနိုင်ဘူး..။
နှလုံးသားကထွက်ပေါ်လာတဲ့ ကဗျာတွေကိုမောင်းထုတ်..နှင်ထုတ်..လက်မခံ
ပြောရက်..ဆိုရက်...
ကျွန်တော်ကဗျာကိုရောင်းစားတာမဟုတ်ပါဘူးဗျာ..
ကျွန်တော်နှလုံးသားကိုရောင်းစားတာပါ...
ကျွန်တော်နှလုံးသားမှာ...ဓာဓုဗေဒဆိုးဆေးတွေမပါဘူး..
ကျွန်တော်နှလုံးသားမှာ....ကာဗွန်ဒိုင်အောက်ဆိုဒ်မပါဘူး
ကျွန်တော်နှလုံးသားမှာ....အယ်ကိုဟောမပါဘူး...။
ကျွန်တော်နှလုံးသားမှာ...ရဲရဲတောက်နေတဲ့ 
ကဗျာစာသားတွေဘဲရှိပါတယ်........။
တစိမ်းဆန်နေသောငါ့ လက်များ
ခပ်နွမ်းနွမ်း....ဟော်လိုဂစ်တာလေးကမျက်နှာငယ်လေးနဲ့ ခိုးခိုးကြည့် တယ်..
လေးကြိုးတပ်..ဘေ့ စ်...ဂစ်သူကိုမနှုတ်ဆက်ရကောင်းလားဆိုပြီးရန်ထောင်တယ်...
အင်းလေငါလဲ...ငါပါဘဲ....ဘယ်သူမှ...မဟုတ်တာ....
ငါရဲ့ လက်တွေ......1...2......34.....5...6....71...မဆုံဖြစ်တာလဲကြာပြီ
ကိုဒိုးလုံးကို.အရှုးမှုးကြိုက်တဲ့ ..ကိုဖိုးသားနဲ့ သီချင်းတွဲမဆိုဖြစ်တာလဲကြာပြီ..
အမြဲအမြဲ..ဂစ်တာတီးရအောင်လို့ ခေါ်တဲ့ တီးဝိုင်းခေါင်းဆောင်ရဲကြီးနဲ့ ..မတီးဖြစ်တာကြာပီ..
unplaugeတီးရင်အားရပါးရနားထောင်မယ်ဆို.ပြီးခဏနေပြီးထပြန်သွားတဲ့ 
ကိုဖိုးကျော်ကြီးလဲနားမထောင်ရတာကြာပြီပေါ့ ...
ဝိုင်းတစ်ဝိုင်းလုပ်ဖြစ်ရင်ပုလင်းမပါရင်မနေနိုင်တဲ့ .
အောင်ကိုဦး.ဘကြီး..တို့လူစုံတက်စုံမဆုံဖြစ်တာကြာပြီပေါ့ 
လူစုံပြီဆိုကာယဗလတွေထုတ်ထုတ်ပြတဲ့ ဘဂျမ်းကြီးလဲမဆုံတာကြာပြီပေါ့ 
unplaugeကိုအသေတီးမယ်ဆိုပြီးအံ့ ခဲထားတဲ့ ကိုခန့် ကြီး နဲနဲများသွားလို့ 
နုတ်တွေကိုမမြင်ရတော့ ဘူးဆိုပြီးဂစ်တာမကိုင်ဘဲဟိုထိုးပေးဒီထိုးပေးနဲ့ ..ဆုံမတီးဖြစ်တာလဲကြာပြီ....
မီးဖိုးပေါ်မှာ..ခပ်မဲမဲကြက်ကင်က...မွှေးကြိုင်ကြိုင်တူးရံ့ နံ့ လဲ..မဆုံဖြစ်တာကြာပြီ...
ငါတို့ တတွေ...ဂီတကဘဲတစီမ်းဆန်နေသလား....ငါတို့ ကဘဲဂီတကိုတစီမ်းဆန်နေသလား.....

Subscribe to:
Posts (Atom)